၁၇ မတ်
FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ဝုလ်ဗ်အသင်းနှင့် မန်ယူအသင်းတို့ စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ဝုလ်ဗ်အသင်းက မန်ယူအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူပြီး FA ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ ပထမပိုင်းတွင် မန်ယူအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့သော်လည်း ဝုလ်ဗ်အသင်း၏ အကောင်းဆုံးပုံစံဖြင့် ပြန်လည်တုံ့ပြန်မှုတွေကြောင့် မန်ယူအသင်း အခက်တွေ့ခဲ့ရပြီး ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ ဝုလ်ဗ်အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ယင်းဂိုးကို ဂျင်မီနက်ဇ်က သွင်းယူခဲ့သည်။ ဝုလ်ဗ်အသင်းအနေဖြင့် ဦးဆောင်ဂိုး ရရှိပြီးနောက် ၆ မိနစ်အကြာ ပွဲချိန် ၇၆ မှာ ယိုတာက ဒုတိယဂိုးဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။
မန်ယူအသင်းအနေဖြင့် ချေပဂိုးပြန်လည်ရရှိရေးအတွက် တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း ပွဲပြီးဆုံးချိန် နာကျင်အချိန်ပိုမှသာ ရပ်ရှ်ဖို့ဒ် က ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ဝုလ်ဗ်အသင်းက မန်ယူအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
FA ဖလားကွာတားဖိုင်နယ် ပွဲစဉ်ရလဒ်
ဝက်ဖို့ဒ် ၂ - ၁ ခရစ္စတယ်ပဲလေ့စ်
ဆွမ်ဆီး ၂ - ၃ မန်စီးတီး
ဝုလ်ဗ် ၂ - ၁ မန်ယူ