မုံရွာ ၂၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးရုံး ဇေယျာရွှေမြေ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်(၉)နာရီ (၃၀)မိနစ်က မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် Mobile tablet အသုံးပြုသော ( Computer Assisted Personal Interviewing - CAPI) နည်းစနစ်ဖြင့် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အသိပညာပေး သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ဇန်နဝါရီအတွင်းမှာ (၁၄)ရက်ကြာ ကြားဖြတ်သန်းခေါင် စာရင်းကို ကောက်ယူသွားမှာဖြစ်ပါတယ်၊ သန်းခေါင် စာရင်းကောက်ယူတဲ့ နေရာမှာ (Computer Assisted Personal Interviewing - CAPI) ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းကောက်ယူသည့် စနစ်ကို အသုံးပြုကောက်ယူမှာဖြစ်တဲ့အတွက် လိုအပ်တဲ့နည်းပညာကို အခုသင်တန်းမှာ သင်ကြားပေးတာ ဖြစ်ပါတယ်” ဟု ချောင်းဦးမြို့နယ်မှ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်း တက်ရောက်သူ မောင်အောင်ဝင်းမြတ်က ပြောသည်။
အဆိုပါ သင်တန်းသို့ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ အရာတော်၊ ဘုတလင်မြို့နှင့် ချောင်းဦးမြို့နယ်တို့မှ စာရင်းစစ်(၉)ဦး၊ စာရင်းကောက် (၃၂)ဦး အရန်(၁)ဦး စုစုပေါင်း (၄၂)ဦးတို့ဖြင့် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)