မန္တလေး ၁၀ သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) နှင့် ဂျာမနီနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (IHK, Reutlingen) တို့သည် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့မိ/ မြို့ဖများနှင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များအား မိုးကုတ်မြို့ ကိုးကန့်ခန်းမတွင် ယခုလ ၈ ရက်က  တွေ့ဆုံခဲ့ကြသည်။

 

mdn

 

ထိုကဲ့သို့ တွေ့ဆုံရာတွင် Covid-19  ကာလအတွင်း လူစုလူဝေး ရှောင်ရှားနိုင်ရန်အတွက် အချိန် နှစ်ပိုင်းခွဲ၍ တွေ့ဆုံခဲ့ကြသည်။

 

"မနက် ၁၀ နာရီမှာ မိုးကုတ်မြို့နယ်က လက်ဖက်နှင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံခဲ့ပြီး၊ မွန်းတည့် ၁၂ နာရီမှာ မိုးကုတ်မြို့နယ်မှ မြို့မိ၊မြို့ဖများနှင့် ကျောက်မျက် လုပ်ငန်းရှင်များအား တွေ့ဆုံခဲ့ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

 

အဆိုပါ တွေ့ဆုံမှုတွင်  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်း၊ အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဥက္ကဌ ဦးအောင်ဆန်းဝင်းမှ ဒုတိယ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍများမှ ဆောင်ရွက်လျက်ရှိသည့် UTCC MBA Program နှင့် သင်တန်းများအား ရှင်းလင်းမျှဝေခဲ့သည်။

 

ထို့နောက် MRCCI ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်မှ MRCCI အသင်း၏ ဝန်ဆောင်မှုတစ်ခု ဖြစ်သည့် SES – Senior Experten Service နည်းပညာဆိုင်ရာ အကြံပေးဝန်ဆောင်မှုအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များက SES - နည်းပညာဆိုင်ရာ အကြံပေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ လည်းကောင်း ၊ အသင်း၏ လှုပ်ရှားဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး MRCCI ၏ တာဝန်ရှိပုဂ္ဂိုလ်များက ဖြေကြား ပေးခဲ့သည်။

 

မေသက်ထား