ကျိုက်ထို ၂၄ ဖေဖော်ဝါရီ 

 

ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာ၌ ဖွင့်လှစ်ထားသည့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို ၂၄ နာရီပတ်လုံး ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးတားဆီးလျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် တရားမဝင် သယ်ဆောင်လာသည့် ငါးများကို စစ်ဆေးတွေ့ရှိရ၍ သိမ်းဆည်းကာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဝင်း၊ ဦးစီးအရာရှိ ဦးကျော်ဇေယျ၊ ကုန်သွယ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချိုထွေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ထွန်းနိုင်ထွေးနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက တရားမဝင် သယ်ဆောင်လာသည့် ငါးများကို ​ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

2015

 

ဖျက်ဆီးခဲ့သည့် ငါးများမှာ Assorted Fish ငါးများဖြစ်ပြီး စုစုပေါင်းတန်ဖိုး ကျပ် ၅၈၂၄၀ဝ၀ ခန့်ရှိကြောင်း သိရှိရသည်။

 

ဝင်းမောင်(ကျိုက်ထို)