ရန်ကုန်၊ ၁၉ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းစဉ်များတွင် သယ်ယူပို့ဆောင်ကူညီပေးနေကြသော မရမ်းကုန်းမြို့နယ်အခြေစိုက် လူမှုအထောက်အကူပြု အသင်းအဖွဲ့များအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းချစ် က PPE ဝတ်စုံ (၁၀၅)စုံနှင့် KN 95 Masks အခုရေ (၂၅၀)တို့ကို အသင်းတာဝန်ရှိသူများထံ ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မျိုးကြီး


