ရန်ကုန် ၆ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားဈေးအတွင်း ဆိုင်ခန်းပြုပြင် လုပ်ကိုင်ဆောင်ရွက်နေစဉ် ကျပန်းအလုပ်သမားလူငယ်တစ်ဦး ဇူလိုင် ၃ ရက် မွန်လွဲ ၁ နာရီ ၄၅ မိနစ်ခန့်က လုပ်ငန်းခွင်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ မှာ မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက် အမှတ်၁၂၄ နှင်းဆီလမ်း အိမ်အမှတ် ၁၂၄ နေ ဦးလှကြိုင်၏သား ကိုချစ်လိူင် အသက်၂၇ နှစ်ဖြစ်ပြီး ကျိုက်ဝိုင်းဈေး ဆိုင်ခန်းပြုပြင်ရာ၌ ဖောက်စက်ကရိယာ ဖြုတ်တပ် ပြုပြင်နေစဉ် လျှပ်စစ်မီးဖြတ်တောက်ထားခြင်းမရှိပဲ ရေစိုဝတ်နှင့် ကိုင်တွယ်အသုံးပြုခြင်းကြောင့် မတော်တဆဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေးထံမှ သိရသည်။
အဆိုပါ ဓာတ်လိုက်သေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်ဆေးရုံသို့ တင်ပို့ သေမှုသေခင်း PR -28 ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ - မျိုးကြီး