နေပြည်တော် အောက်တိုဘာ ၁၈
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းတွင် မမို့မို့ထွန်း၊ ခင်ကျော်ဦး(ခ)ကျော်ဦး၊ မအိအိသဲ(ခ)အိတုန် တို့ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ မွန်းလွဲ ၂ နာရီခွဲတွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းနေ စိတ်ကြွရူးသွပ်ဆေး ပြားများရောင်းချပေးသူ ကျော်ဆန်းဝင်း(ခ)ကျော်စွာ ကို ဖမ်းဆီးရမိခဲ့သည်။
ထိုနေ့ ညနေ ၆နာရီခွဲတွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင်(၄)လမ်းတွင် ထူးထူးလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)