မန္တလေး ၁၀ ဩဂုတ်

 

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူဆောက်လုပ်ထားသည့် မြရည်န္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများကို စတုတ္ထအကြိမ်အဖြစ် အခန်းပေါင်း(၄၉၃)ခန်းအတွက် တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာများကို ဩဂုတ် ၁၀ ရက်နေ့မှ စတင်ကာ အောင်ဘာလေစနစ်ဖြင့် စတင်မဲနှိုက်ရောင်းချ ပေးခဲ့သည်။

 

တိုက်ခန်းဝယ်ယူခွင့်ရရှိသူတွေအနေနှင့် တိုက်ခန်း နံပါတ်မဲမနှိုက်မီ အာမခံငွေကျပ်သိန်း(၃၀) ကို ပေးသွင်းပြီးမှသာ တိုက်ခန်းနံပါတ်မဲနှိုက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

#MRTV

 

mdn