မော်လမြိုင် ဇူလိုင် ၇
MSME ယာယီမှတ်ပုံတင် လက်မှတ်အသစ်နှင့် သက်တမ်း တိုး/ပြင်ဆင်သည့် MSME ယာယီ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးနိုင်ရေး MSME One Stop Service Center တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက အမှာစကား ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် MSME အေဂျင်စီဒုတိယဥက္ကဋ္ဌ ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး နိုင်လယိတမက အကြံပြု ဖြည့်စွက်ဆွေးနွေးပြီး မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူးက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော မွန်ပြည်နယ် MSME အေဂျင်စီအဖွဲ့ဝင်များက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


