ဖလမ်း ၂၅ အောက်တိုဘာ
မသန်စွမ်းမှုအား ဖွံ့ဖြိုးရေးကဏ္ဍတိုင်းတွင် ထည့်သွင်းစဉ်းစားလာ ရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဖလမ်းမြို့ နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ဧဒင် မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံအသင်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးထာအုပ်က မသန်စွမ်းမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သော အချက်များ ပြောကြားရှင်းလင်းပြီး တက်ရောက်လာကြသူများအား အဖွဲ့(၄)ဖွဲ့ခွဲကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးခေါင်းစဉ်ဖြင့် အဖွဲ့လိုက် အကြံပြုဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်နေ့ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဂျွန်( ပြန်/ဆက်)


