နေပြည်တော် ၂၂ အောက်တိုဘာ
မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ် မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနားကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲ(၁)နာရီတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ လက်စွဲလမ်းညွှန်စာအုပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းကျောင်းများ၊ မသန်စွမ်းအရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ပူးပေါင်းပါဝင်မှုနှင့် USAID ၊ FHI 360 အဖွဲ့တို့၏ ပံ့ပိုးမှုတို့ဖြင့် ရေးသားပြုစုခဲ့ကြောင်း သိရသည်။
ဂျိုင်းလော


