မြန်အောင် ၂၆ ဇန်နဝါရီ
မြန်အောင်မြို့နယ် အင်ပင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ပရဟိတသင်တန်း အဆောက်အဦး၌ မသန်စွမ်း ပရဟိတ အခြေခံသက်မွေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
သင်တန်းတွင် စက်ချုပ်၊ ဇာထိုးပန်းထိုး၊ အကြောပြင်နှင့် မျက်မမြင်စာရေးခြင်း အတတ်ပညာများကို ဆရာ ဆရာမငါးဦးတို့က သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ သုံးလခွဲကြာမြင့်မည်ဖြစ်ရာ အခမဲ့ ပညာဒါန သင်ကြားပေးမည် ဖြစ်သည်။
အခမ်းအနားသို့ ပရဟိတအဖွဲ့၏နာယက ဆရာတော်ဘဒ္ဒန္တပုညိန္ဒနှင့် မိတ်ဖက်လူမှုအဖွဲ့အစည်းများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
အင်ပင် သန်းဌေးအောင်