ပုဗ္ဗသီရိ ၁၉ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်သူ့ မဏ္ဍိုင်လူမှုကူညီရေးပရဟိတအသင်းက ယနေ့မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။
အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့မဏ္ဍိုင်လူမှုကူညီရေးပရဟိတ အသင်းဥက္ကဋ္ဌဦးသက်နိုင်ထွန်းနှင့် တာဝန်ရှိသူတို့က အေးမြင့်သာယာအုပ်စုအတွင်းရှိ အေးမြင့်သာယာကျေးရွာ၊ ပေါက်တောကျေးရွာ၊ တောက်ထိန်ကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ခါးပြတ်ကျေးရွာနှင့် တံတားဦးကျေးရွာတို့ရှိ မသန်းစွမ်းသူများအား တစ်ဦးလျှင် ဆန် (၄) ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန် (၁) ပိဿာ၊ ခရမ်းချဉ်သီး (၁) ပိဿာနှုန်းဖြင့် စုစုပေါင်းမသန်စွမ်းသူ ၅၆ ဦးကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိသူတို့က အိမ်အရောက်လိုက်လံထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ကံချွန်(ပြန်/ဆက်)


