နေပြည်တော် ၁၃ စက်တင်ဘာ  

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ 

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးတွင် ဆပ်ကော်မတီ အသီးသီး ဖွဲ့စည်းထားရှိမှုများအား ဖြည့်စွက် အကြံပြုဆွေးနွေးပေးကြပါရန်နှင့် ဆက်လက် ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တင်ပြခဲ့သည့် အချက်များအပေါ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်တို့ကို ရှေ့လုပ်ငန်းစဉ်များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် NGO, INGO အားလုံးပူးပေါင်း ပါဝင်မည့် ဆပ်ကော်မတီများက လက်တွဲဆောင်ရွက်ပေးစေလိုပါကြောင်း၊ (၃.၁၂.၂၀၁၉) ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် မသန်စွမ်းအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
 
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာသူများမှ ဆပ်ကော်မတီအလိုက် ဖွဲ့စည်းမည့် ကော်မတီဝင်အမည်များနှင့် တာဝန်ယူဆောင်ရွက်မည့်အခြေအနေများအား အကြံပြုဆွေးနွေးခဲ့ ကြပါသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ 

အစည်းအဝေးသို့ ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉နာရီ တွင် ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးတွင် ဆပ်ကော်မတီ အသီးသီးဖွဲ့စည်းထားရှိမှုများအား ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြပါရန်နှင့် ဆက်လက် ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တင်ပြခဲ့သည့် အချက်များအပေါ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်တို့ကို ရှေ့လုပ်ငန်းစဉ်များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများ နှင့် NGO, INGO အားလုံးပူးပေါင်းပါဝင်မည့် ဆပ်ကော်မတီများက လက်တွဲဆောင်ရွက်ပေး စေလိုပါကြောင်း၊ (၃.၁၂.၂၀၁၉) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် မသန်စွမ်းအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းပြော ကြားခဲ့ပါသည်။ 

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာသူများမှ ဆပ်ကော်မတီအလိုက် ဖွဲ့စည်းမည့် ကော်မတီဝင်အမည်များနှင့် တာဝန်ယူဆောင်ရွက်မည့်အခြေအနေများအား အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ 

အစည်းအဝေးသို့ ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

သတင်းစဉ်