နေပြည်တော် ၈ ဩဂုတ်
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက Online ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၌ ပြုလုပ်သည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးခေါ်ယူရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
အစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ (၉)ခုမှ အတွင်းရေးမှူးများ၊ UNICEF (မြန်မာ)မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းတွင် ကျန်းမာရေး၊ ပညာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေများ၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ အလွယ်တစ်ကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု၊ ပြည်သူ့ဆက်သွယ်ရေးတို့ကို ထည့်သွင်းရေးဆွဲရန်နှင့် အဆိုပါစီမံကိန်း အောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် ဆပ်ကော်မတီ(၉)ခုမှ တာဝန်ရှိသူများက အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရန်တို့ကို ဆွေးနွေးကြသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားသည်။
သတင်းစဉ်