နေပြည်တော် ၆ သြဂုတ်
မသန်စွမ်းသူများ၏ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်ရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအား ဖွဲ့စည်းခဲ့ပါကြောင်းနှင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ပြောကြားသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ၏ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်


