ခတ္တမန္ဒူ  မတ်  ၂

ဆန္ဒမဲပေးခြင်းမှာ ပြည်သူများ၏  အနာဂတ်ကို  ပုံဖော်ထုဆစ်ရန်   အခွင့်အရေးဖြစ်သည်ဟုဆိုကာ   မတ်  ၅ ရက်တွင် ကျင်းပရန်  သတ်မှတ်ထားသော  လွှတ်တော်ရွေးကောက်ပွဲကို  တက်ကြွစွာပါဝင်ကြရန်  နီပေါနိုင်ငံ ယာယီဝန်ကြီးချုပ် ဆူရှီလာကာကီက မတ် ၂ ရက်တွင် ပြည်သူလူထုအား တိုက်တွန်းထားသည်။

ပြည်သူလူထု၏ပူးပေါင်းပါဝင်မှု အလွန်အရေးပါ

ရွေးကောက်ပွဲမတိုင်မီ  နိုင်ငံတော်သို့  မိန့်ခွန်းပြောကြားရာ၌  ပြည်သူလူထုပူးပေါင်းပါဝင်မှုသည် နီပေါနိုင်ငံအား နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့ ပို့ဆောင်ရာတွင် အလွန်အရေးပါကြောင်း ကာကီက ပြောကြားသည်။

အောက်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နီပေါနိုင်ငံ၌ မငြိမ်သက်မှုများဖြစ်ပွားပြီးနောက် အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲအသစ်များကို ပြန်လည်ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းမှားများ ပျံ့နှံ့လာနိုင်ခြေအပေါ်  သတိထား ကြရန် ကာကီက သတိပေးပြောကြားထားသည်။ အဆိုပါ ရွေးကောက်ပွဲသည်  အောက်လွှတ်တော်ကိုယ်စားလှယ် ၂၇၅ ဦးအား ရွေးချယ်တင်မြှောက်သွားမည်ဖြစ်သည်။                                     

ဆင်ဟွာ