ရန်ကုန်  ၁၃  အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ မြတ်စောညီနောင် ကြံတိုင်းအောင်စေတီတော်၏ အကြိမ်(၂၀)မြောက်  အဘိဓမ္မာ(၇)ကြမ်း ရွတ်ဖတ်ခြင်း၊ ဉပ္ပါတသန္တိ မဟာပရိတ် ရွတ်ဖတ်ခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆီမီး(၁၀ဝ၀)၊ ပန်း(၁၀ဝ၀)၊ နံ့သာ (၁၀ဝ၀) ပူဇော်ပွဲကို အောက်တိုဘာ ၁၂ ရက် ည ၇ နာရီက အဆိုပါ စေတီတော်ဝင်းအတွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါ ပူဇော်ပွဲတွင် ရွှေပြည်သာမြို့နယ် ရွှေရတနာ ပရိယတ္တိ စာသင်တိုက်မှ သီလရှင်ဆရာကြီး၊ ဆရာလေး အပါး(၁၀ဝ)တို့မှ ရွတ်ဖတ်ခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ မြတ်စောညီနောင် ကြံတိုင်းအောင်စေတီတော်တွင် ဆီမီး(၁၀ဝ၀)၊ ပန်း(၁၀ဝ၀)၊ နံ့သာ (၁၀ဝ၀) ပူဇော်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဆက်ကပ် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲထက်ကို၊နေမျိုးထွန်း