နေပြည်တော် ၂၀ မတ်

၂၀၁၉ ခုနှစ်၊ မတ်လ (ဒုတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသအခြေအနေများပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြထားသည်။

 

11.

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ------- ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့်ဖြစ်ထွန်းခဲ့ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့်သာယာခဲ့သည်။

 

22

 

မိုးရွာသွန်းမှုအခြေအနေ------- ၂၀၁၉ ခုနှစ်၊ မတ်လ (ဒုတိယ) ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ- ချင်းပြည် နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးရွာသွန်းခဲ့ခြင်းမရှိခဲ့ပါ။

မိုးရွာရက်များအနေဖြင့်- စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း(ကန့်ဘလူမြို့)၊ မန္တလေးတိုင်းဒေသကြီး (မိုးကုတ်မြို့)၊ တနင်္သာရီတိုင်းဒေသကြီး (ထားဝယ်မြို့နှင့်မြိတ်မြို့)နှင့် ကချင်ပြည်နယ်တို့တွင် (၁)ရက်မှ (၂)ရက် မိုးရွာသွန်းခဲ့ပါသည်။

အမြင့်ဆုံးအပူချိန်အခြေအနေ------- ၂၀၁၉ ခုနှစ်၊ မတ်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်)အခြေအနေများမှာ- စစ်ကိုင်းတိုင်း ဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ခန့် သာရှိခဲ့ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၁)ဒီဂရီဖာရင်ဟိုက် မတ်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်အောက်လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိနှင့် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၄)ဒီဂရီ ဖာရင်ဟိုက်မှ (၅)ဒီဂရီ ဖာရင်ဟိုက်အထိ မတ်လ (ဒုတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။ 

အနိမ့်ဆုံးအပူချိန်အခြေအနေ------- ၂၀၁၉ ခုနှစ်၊ မတ်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ− ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မတ်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ မတ်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် လျော့နည်းခဲ့ကာ၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တွင် (၈)ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း) တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂) ဒီဂရီဖာရင်ဟိုက်အထိ မတ်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ------- ၂၀၁၉ ခုနှစ်၊ မတ်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် (၃၆ %)၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် (၄၇ %)မှ (၅၇ %)အတွင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၆၁%)မှ (၆၉ %)အတွင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၆၇%)မှ (၇၇%) အတွင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၈၁%) အသီးသီး ရှိခဲ့ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ------- ၂၀၁၉ ခုနှစ်၊ မတ်လ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၃၈ မီလီမီတာ)မှ (၄၉ မီလီမီတာ)အတွင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅၃ မီလီမီတာ)မှ (၅၅ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၆၀ မီလီမီတာ)မှ (၇၀ မီလီမီတာ)အတွင်း အသီးသီး ရှိခဲ့ပါသည်။ 

(ဖြစ်နိုင်စွမ်း ပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။) 

မြေဆီလွှာအောင်းရေအခြေအနေ------- ၂၀၁၉ ခုနှစ်၊ မတ်လ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ-စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီးရှိခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ တတိယ (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနိုင်ပါသည်။

မိုးအခြေအနေ------- မိုးရွာသွန်းမှုအခြေအနေမှာ- စစ်ကိုင်း တိုင်းဒေသကြီး(အထက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက်လျော့ နည်းကာ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။ 

မိုးရွာရက်------- မိုးရွာရက်အနေဖြင့်- စစ်ကိုင်းတိုင်းဒေသ ကြီး(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက် ခန့်နှင့် စစ်ကိုင်း တိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် ရွာနိုင်ပါသည်။ 

နေ့အပူချိန်------- စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်တို့အောက် (၁.၅) ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက် လျော့နည်း နိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက်(၁.၅) ဒီဂရီစင်တီဂရိတ်(သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက် ပိုနိုင်ကာ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်တို့ခန့်သာရှိနိုင်ပါသည်။ 

မြူအခြေအနေ------- မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် (၆)ရက်မှ (၈)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။

MDN