မန္တလေး  ၂၃  ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံ၏ မတ်ပဲတင်သွင်းခွင့်တန်ချိန် ထပ်မံတိုးမြှင့်လိုက်တဲ့အတွက် မတ်ပဲစိုက် တောင်သူတွေ အတွက် အရောင်းအဝယ် အဆင်ပြေပြီး ဝင်ငွေတိုးလာနိုင်ကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

 

6

 

၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ တန်ချိန် တစ်သိန်းခွဲ  ပို့ပြီးသွားပြီ။ အိန္ဒိယက မတ်ပဲ လိုအပ်ချက် ရှိတဲ့အတွက် မတ်လကုန်အထိ တန်နှစ်သိန်းခွဲ ထပ်သွင်းဖို့အတွက်ကိုတာထပ်တိုးထားပါတယ်။ ပြည်တွင်းလက်ကျန် တန် ၄၀ဝ၀ဝ- ၅၀ဝ၀ဝ လောက်ပဲ ကျန်တယ်လို့မှန်းတယ်။ ၂၀၂၀ မတ်လမှာ ပေါ်မယ့်ပဲကို ဆက်တိုက်ဝယ်တဲ့သဘော၊ ကြိုပြီးကိုတာတိုးလိုက်တဲ့သဘော၊ မတ်ပဲစိုက်တာ အထက်ပိုင်းက အောက်ပိုင်းလောက်မများဘူး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဘက်က တောင်သူတွေအနေနဲ့ ကိုတာရတာနဲ့ တိုက်ရိုက်ကြုံမှာ၊ တောင်သူတွေ အနေနဲ့ကတော့ အဆင်ပြေသွားတာပေါ့ ဟု မန္တလေး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေ က ပြောသည်။

 

963

 

အိန္ဒိယမှာ ၂၀၁၆ ခုနှစ်က ပဲအလျှံအပယ်ဖြစ်သွားချိန် မြန်မာပြည်က မတ်ပဲနှင့် ပဲစင်းငုံ အဝယ်ရပ်ပြီး နောက်ပိုင်း လိုသလောက်သာကိုတာဖြင့် တင်သွင်းရကြောင်း၊ အိန္ဒိယမှာ ရာသီဥတု ဖောက်ပြန်မှုတွေ ကြောင့် မတ်ပဲနဲ့ ပဲတီစိမ်း လိုအပ်ချက်ပိုများကြောင်း၊ ပဲတီစိမ်းကို မြန်မာက တင်ပို့မှုနည်းပြီး တခြားနိုင်ငံတွေက တင်ပို့မှုများကြောင်း၊ မတ်ပဲကို မြန်မာနိုင်ငံမှ အဓိကတင်ပို့ပြီး မတ်ပဲစိုက် တောင်သူတွေ အတွက် ဒီနှစ်အဆင်ပြေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

 

မြန်မာနိုင်ငံတွင် မတ်ပဲကို အထက်ပိုင်းနှင့် အောက်ပိုင်းတွေမှာ အများဆုံးစိုက်ကြောင်း  သိရသည်။

 

တင်ဇာလှိုင်(ပြန်/ဆက်)