မတ္တရာ ၁၇  ဧပြီ

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ မြို့မဈေးပတ်ဝန်းကျင်ရှိ ပျံကျဈေးသည်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးများ မဖြစ်စေရန် ရည်ရွယ်၍ ဗိုလ်တေဇပန်းခြံရှေ့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်တွင် ဧပြီလ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ ပြောင်းရွှေ့ရောင်းချသွားစေမည်ဖြစ်ကြောင်း သိရသည်။

 

9833

 

ထို့သို့ ပျံကျဈေးတန်းပြောင်းရွှေ့ရာတွင် အသားဆိုင်နှင့် ငါးဆိုင်များအား မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့တွင် နေရာသတ်မှတ် ရောင်းချစေမည်ဖြစ်ပြီး ကျန်ရှိသော ဈေးဆိုင်နေရာများအား ဦးရာလူစနစ်ဖြင့် ရောင်းချစေမည်ဖြစ်သည်။ ပျံကျဈေးဆိုင် နေရာများအား တစ်ခန်းလျှင် ၅ ပေ အကျယ်ရှိပြီး တစ်ဆိုင်နှင့် တစ်ဆိုင် ၃ပေအကွာဖြင့် ဆိုင်ခန်းပေါင်း (၂၀ဝ)ကျော်အား နေရာသတ်မှတ် ပေးထားမည်ဖြစ်ကြောင်း သိရပြီး ဈေးဝယ်သူများနှင့် ဈေးရောင်းချသူများအား Mask များ တပ်ဆင် အသုံးပြုမှသာ ရောင်းဝယ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပျံကျဈေးရောင်းချရာနေရာတွင် ယာဉ် အန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

အဆိုပါ ပျံကျဈေးနေရာသတ်မှတ် ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဉီးစန်းအောင်တို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)