မတ္တရာ ၁ ဇွန်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မတ္တရာမြို့နယ် အမှတ်(၄၃) စက်မှုလယ်ယာ စခန်းအနေဖြင့် ရာသီဉတုကြောင့် အခြောက်ခံရန် ခက်ခဲသော တောင်သူများ၏ စပါးများအား စပါးအခြောက်ခံစက်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

 

6398

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဒီစပါးအခြောက်ခံစက်ကြီးကို စတင်တည်ဆောက်ခဲ့ပါတယ်။ မိုးရာသီနှင့် တခြားရာသီဉတု ဖောက်ပြန်ချိန်တွေမှာ တောင်သူလယ်သမားများ၏ စပါးများနေမလှန်းနိုင်တဲ့အခါမှာ တိုက်ရိုက် အခြောက်ခံစနစ်နဲ့ အခြောက်ခံပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစက်ကြီးနဲ့ စပါးအခြောက်ခံစနစ်ကို ဆောင်ရွက်နိုင်ပြီ ဖြစ်တဲ့အတွက် တောင်သူများမှာ စပါးတလင်းပြုလုပ်ပြီး နေလှန်းရတဲ့အခက်အခဲ၊ ရာသီဉတု အခြေအနေများကြောင့် လေလွင့်ဆုံးရှုံးခြင်းများ၊ လုပ်အားနှင့် ငွေကြေးကုန်ကျမှုများမှ သက်သာစေမှာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့စပါးကို ကြိတ်ခွဲတဲ့အခါမှာလည်း ဆန်အရည်သွေးက ပိုမိုကောင်းမွန်တာကြောင်း တောင်သူများအတွက် ဈေးကွက်မှာ ပိုမိုပြီးအကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ စပါးအခြောက်ခံစက်အပြင်၊ လယ်ယာလုပ်ငန်းခွင်အတွက် မြေယာပြုပြင်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းပေးတဲ့ ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ် ဟု စက်မှုလယ်ယာ ဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်မိုးမှ ပြောသည်။

 

အဆိုပါ စပါးအခြောက်ခံစက်သည် တစ်ကြိမ်လျှင် တင်း(၅၀ဝ)ခန့် အခြောက်ခံနိုင်ပြီး စပါး၏ အစိုဓာတ်ပေါ် မူတည်၍ အခြောက်ခံချိန်ပျှမ်းမျှ ၇ နာရီသာ ကြာမြင့်ကြောင်း သိရပြီး တောင်သူများ အနေဖြင့် ဝန်ဆောင်မှုများ ရယူဆောင်ရွက်လိုပါက စက်မှုလယ်ယာဉီးစီးဌာန ဝ၉-၄၀ဝ၄၀၇၇၉၂၊ ဝ၉ -၇၉၇၃၀၉၃၂၀၊ ဝ၉-၇၉၂၃၂၆၇၉၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)