မတ္တရာ ၁၀ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် သစ်တောဦးစီးဌာနရုံး အတွင်း၌ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိှမ်းသတ်ခြင်းကို နိုဝင်ဘာ ၉ရက် ညနေ၄နာရီက အဆိုပါရုံး၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မီးလောင်ရသည့်အကြောင်းအရင်းများ၊ မီးလောင်ပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းခြင်းနှင့် အရေးပေါ်မီးသတ်ဆေးဘူးဖြင့် မီးငြိှမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်းက ရှင်းလင်းပြသခဲ့ပြီး လက်တွေ့ငြိှမ်းသတ် သရုပ်ပြသခဲ့ကာ သစ်တောဦးစီးဌာနဝန်ထမ်းများက လက်တွေ့ ငြိှမ်းသတ်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအသိပညာပေး သရုပ်ပြ ပွဲဆောင်ရွက်ရာတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)