မတ္တရာ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် မေ ၁၆ ရက်က လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးဒုက္ခရောက်ခဲ့ရသည့် လေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဇွန် ၂၂ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
လေဘေးသင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင် ဗိုလ်မှူးစန်းယုက သဘာဝဘေး အန္တရာယ်များ၊ နယ်မြေဒေသလုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်တို့မက ရပ်ကွက်/ ကျေးရွာအုပ်စု ၁၈ အုပ်စု၊ အိမ်ထောင်စု ၉၃ စုမှ ဘေးသင့်ပြည်သူ ၃၅၉ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ကျပ် ၁၇၉၅၀၀၀၀၊ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ပျက်စီးမှုအတွက် ငွေကျပ် တစ်သိန်းနှင့် သေဆုံးသူတစ်ဦး၏ ကျန်ရစ်သူ မိသားစုအတွက် ထောက်ပံ့ငွေ ကျပ် ငါးသိန်း၊ ပျက်စီးသွားသည့် နေအိမ် ၁၂ လုံးအတွက် ကျပ် ငွေကျပ် နှစ်သိန်း သိန်းနှုန်းဖြင့် ၂၄ သိန်း၊ တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် ၈၁ လုံး အတွက် တစ်သိန်းနှုန်းဖြင့် ၈၁ သိန်း စုစုပေါင်း ငွေကျပ် ၂၉၀၅၀၀၀၀ ကို ပေးအပ်ရာ လေဘေးသင့် ပြည်သူများ ကိုယ်စား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့ပေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)