မတ္တရာ ဧပြီ ၁

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဧပြီ ၁ ရက် မွန်းတည့် ၁၂ နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခကျောင်းတိုက် စာစစ်ဌာနတွင် ဆက်လက်ကျင်းပသည်။

 

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိ ၁၂၇ ပါးရှိပြီး ပထမကြီးတန်း ရှင်ရဟန်း ၂၃ ပါး၊ သီလရှင်တစ်ပါး၊ ပထမလတ်တန်း ရှင်ရဟန်း ၂၈ ပါး၊ သီလရှင်လေးပါး၊ ပထမငယ်တန်း ရှင်ရဟန်း ၂၂ ပါး၊ သီလရှင်နှစ်ပါး၊ အခြေပြုမူလတန်းရှင် ၃၆ ပါး စုစုပေါင်း ၁၁၆ ပါး ဝင်ရောက်ဖြေဆိုကြသည်။ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပရာသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက် ကြသည်။ မြို့နယ်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး၊ နေ့ဆွမ်း ဆက်ကပ်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရာသား