မတ္တရာ နိုဝင်ဘာ ၁
ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ပြီး နိုဝင်ဘာလ ၁ရက်နေ့မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများကိုလည်း ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ် ကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊ အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)(၂၆)ကျောင်း၊ အလယ်တန်းကျောင်း(၁၇)ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)(၃၆) ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၄၂)ကျောင်း၊ မူလတန်းကျောင်း (၆၂) ကျောင်း၊ မူလတန်း(ခွဲ) ကျောင်း (၄)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၂၀၁) ကျောင်းရှိပြီး မူလတန်းအဆင့်တွင် (၄၆၃)ဦး၊ အလယ်တန်းအဆင့်တွင် (၅၉၃)ဦးနှင့် အထက်တန်းအဆင့်တွင် ( ၁၂၃၆ ) ဦး စုစုပေါင်း (၂၂၉၂)ဦး တက်ရောက် ပညာသင်ကြား လျှက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


