မတ္တရာ       ဇွန်       ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက်ကုန်ဖြစ်သော စားသုံးဆီ ပိဿာ ၁၁၀၀ ကို  တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဇွန် ၂၈ ရက်က မြို့မဈေး အရှေ့ဘက်ရှိ ဦးကျော်ဇောကုန်စုံဆိုင်၌ ရောင်းချပေးခဲ့သည်။

 

မတ္တရာမြို့နယ် စျေးကွက်၌ စားသုံးဆီ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ခန့် ပေါက်ဈေးဖြင့် ရောင်းချနေပြီး စားသုံးဆီ စျေးနှုန်းချိုသာစွာ ရောင်းချနေမှုကို ပြည်သူများအနေဖြင့် လာရောက်ဝယ်ယူလျက် ရှိကြောင်းသိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)