မတ္တရာ ၂၈ ဇွန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ဆည်တော်လေး ဆည်အတွင်းသို့  ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဆည်အတွင်းသို့ ရေနံ့သာငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော ငါးမြစ်ချင်း ငါးမျိုးကောင်ရေ(၁၅၀၀၀၀)နှင့် ငါးခုံးမကြီး ငါးမျိုးကောင်ရေ(၁၅၀၀၀၀)၊ သရက်ကုန်း ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ငါးမျိုးကောင်ရေ(၁၀၀၀၀၀)နှင့် ငါးခုံးမကြီး ငါးမျိုးကောင်ရေ (၁၀၀၀၀၀)စုစုပေါင်း ငါးမျိုးကောင်ရေ(၅)သိန်းခန့်အား မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်သန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးဌာနမှူး ဦးဇော်လင်းသိန်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးတင်မြင့်အောင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းသန့်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆည်တော်ကြီး ရေလှောင်တမံမှတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်စုအုပ်ချုပ်ရေးမှူး၊  ရေနံ့သာငါးလုပ်ငန်းစခန်းမှ တာဝန်ခံများနှင့် ဝန်ထမ်းများ စုပေါင်းစိုက်ထည့်ခဲ့ကြသည်။

 

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ငါးမျိုးများ မပြုန်းတီး စေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံး နိုင်ရေးအတွက်  ငါးမျိုးများအား သဘာဝမြစ်ချောင်း များနှင့် ဆည်တမံများ အတွင်းသို့  နှစ်စဉ်စိုက်ထည့်ပေးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)