မတ္တရာ အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ဂွေးပင်ကျေးရွာ၌ စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာအတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများမှ အောက်တိုဘာ ၁၆ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မတ္တရာမြိို့နယ်တွင် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ (၃၈) ရှိပြီး အဆိုပါကျေးရွာများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သော ဂွေးပင်ကျေးရွာမှာ အတိုးရငွေ ကျပ် သိန်း ၁၀၀ ကျော် ရရှိပြီးဖြစ်သည့်အတွက် အတိုးရငွေ (၅၀%) မှ ခွင့်ပြုငွေကျပ် ၁၂၅၀၀၀၀၀ နှင့် ပြည်သူ့လုပ်အား ထည့်ဝင်ငွေ ကျပ် ၃၂၉၀၀၀၀ စုစုပေါင်း ကျပ် ၁၅၇၉၀၀၀၀ ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း အရှည် ၇၉၀ ပေ၊ အကျယ် ၁၄ ပေနှင့် ထု ၆ လက်မအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ ဆောင်ရွက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီးဖြစ်သည်။
ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းဖြင့် လူနေမှု အဆင့်အတန်း မြင့်မားလာခြင်း၊ ကျေးရွာ၏ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျေးရွာလူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးလာကာ မြို့ပြနှင့် ကျေးလက် ကွာဟမှု ကျဉ်းမြောင်းလာမည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။
စိုးကျော်သူထွေး(မတ္တရာ)