မတ္တရာ အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၂ ရက်က ဆက်လက်ထိုးနှံပေးလျှက် ရှိရာ အထက(မတ္တရာ) အောင်ဆန်းခန်းမနှင့် အခြားမိုဘိုင်းဆေးထိုးယာဉ်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ယနေ့အထိ မတ္တရာမြို့နယ်တွင် (၃၃၄၇၁)ဦးအား ပထမအကြိမ်နှင့် (၇၂၇၈) ဦးအား ဒုတိယအကြိမ်ထိုးနှံ ပေးပြီးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)