မတ္တရာ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉နာရီမှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိအခြားဆေးထိုးစုရပ်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ယနေ့အထိ မတ္တရာမြို့နယ်တွင် ပထမအကြိမ် (၄၂၀၆၈) ဦးနှင့် ဒုတိယအကြိမ်(၂၃၃၃၃)ဦးတို့ ထိုးနှံပေးပြီး ကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


