မတ္တရာ ၂၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် အခြေခံပညာ ကျောင်းပေါင်း ၁၃ ကျောင်းမှာ ယာယီပိတ်ထားရာမှ ဇူလိုင် ၂၀ ရက်နေ့မှစ၍ ၄၅ ကျောင်း ထပ်ထိုးပိတ်ခဲ့ရသဖြင့် စုစုပေါင်း ၅၈ ကြောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြစ်ရေဝင်ရောက်မှုကြောင့် ထပ်ထိုး၍ ပိတ်ထားရသောကျောင်း (၂၆)ကျောင်းမှာ အ.မ.က (ဆောက်ခြုံပေါက်)၊ အ.လ.က(ရွှေဘိုးကြီး)၊ အ.မ.က(မွေမြစ်ရိုး)၊ အ.လ.က(ခွဲ)(ပျဉ်ကာ)၊ အ.ထ.က(ခွဲ) ပေါက်ဝဲ၊ အ.ထ.က(ခွဲ) ငယ်တိုး၊ အ.ထ.က(ခွဲ)နန်းတော်ကျွန်း၊ အ.ထ.က(ခွဲ)အောက်တောင်ကိုင်း၊ အ.မ.က (ဆင်ကုန်း)၊ အ.မ.က(စုပေါင်းကျွန်း)၊ အ.မ.က(မြွေပုသိမ်)၊ အ.မ.က(ပိုဝတောင်)၊ မူလွန်(စိန်းပန်းကုန်း)၊ မူလွန်(မြစ်တစ်ဖက်)၊ မူလွန်(မြွေထိန်ပင်)၊ မူလွန်(ဘိုးကြီးကျွန်း)၊ မူလွန်(မြွေကုတို့ဆိပ်)၊ မူလွန်(မြေစွန်း)၊ အ.ထ.က(ခွဲ)မြွေတလိုင်း၊ အ.ထ.က(ခွဲ)(ပိုဝမြောက်)၊ မူလွန်(မြွေပုံကန်အရှေ့)၊ မူလတန်းကျောင်း(ခွဲ) မြွေဟင်္သာ၊ အ.လ.က(ခွဲ) မာရဘင်၊ အ.လ.က(ဆင်ကျွန်းမြောက်)၊ အ.မ.က(ရှင်လှ တောင်)၊ အ.မ.က(ရှင်လှ မြောက်)၊ အ.လ.က(ခွဲ)ကုန်းတန်း၊ အ.လ.က(ခွဲ)ကောက်ရိုးပုံ၊ အ.လ.က(သူရဲဇက်)၊ အ.လ.က(ခွဲ) ဘူမိန္ဒရ၊ မူလွန်(ဆယ်ပယ်)၊ အ.မ.က(မြစ်ကောက်)၊ အ.လ.က(ဆူးလေကုန်း)၊ မူလွန်(ရွာတော်ကြီး)၊ အ.မ.က(ဒေါင်းကျွန်း-တောင်)၊ အ.မ.က(ရောက်မဆုတ်)၊ မူလွန်(မွေရေယာဉ်)၊ အ.မ.က(ချောင်းပေါက်-အောက်)၊ အ.မ.က(ဆင်ကျွန်း-တောင်)၊ အ.မ.က(သနပ်ကုန်း)၊ အ.မ.က(နေပူကုန်း)၊ အ.မ.က(တောင်ပြုံးလေး)၊ အ.မ.က(ရွာသာအေး)၊ အ.လ.က(ခွဲ)ရွှေချောင်းနှင့် မူလွန်(အလယ်ရွာ) ကျောင်းတို့မှာ ယာယီပိတ်ထားရကျောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)