မတ္တရာ  ၂၂  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နိုင်ငံတော်အရန်ရိက္ခာဆီ တန် ချိန်(၅၉)တန် သိုလှောင်ထားရှိမှုအား လျော့နည်းပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ခရိုင်စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်အရေးပေါ်ရိက္ခာဆီ လက်ခံ၊ သိုလှောင်ထိန်းသိမ်းရေးအဖွဲ့များမှ ဒီဇင်ဘာလ ၂၂ ရက်  မွန်းလွဲ ၁၂နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်၁၉ရောဂါပြန့်ပွားမှုနှုန်းမြင့်မားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော်အရန်ရိက္ခာဆီအဖြစ် ဖြန့်ဝေနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး  အမျိုးသားအဆင့် ဗဟိုကော်မတီခွင့်ပြုချက်ဖြင့် သုံးစွဲနိုင်ရေးအတွက် မတ္တရာမြို့နယ်တွင် နိုင်ငံတော်အရန် ရိက္ခာဆီ တန်ချိန်(၅၉)တန် တစ်ဆယ်ပိဿာဝင် ပုံး(၃၆၇၅)ပုံးအား ဇူလိုင်လမှစ၍ လက်ခံ၍ ဇေယျာသန မစိုးရိမ်ကျောင်းတိုက်တွင် သိုလှောင်သိမ်းဆည်းထားရှိခဲ့သည်။  

အဆိုပါ သိုးလှောင်းထားသော အရန်ရိက္ခာဆီများ လျော့နည်းပျက်စီးဆုံးရှုံးမှုမရှိစေရေး အတွက် ပြင်ဦးလွင်ခရိုင် စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသက်လွင်ထူးနှင့် ဝန်ထမ်းများ၊ မတ္တရာမြို့နယ် အရေးပေါ်ရိက္ခာဆီလက်ခံ၊ သိုလှောင် ထိန်းသိမ်းရေးအဖွဲ့များမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)