မတ္တရာ စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများအား ထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂၃ ရက် ၉နာရီမှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ယနေ့အထိ ပထမအကြိမ် (၁၀၉၃၂)ဦး နှင့် ဒုတိယအကြိမ် (၆၀၇၁)ဦးအား ထိုးနှံပေးပြီးကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိနေသူများကိုလည်း ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)