မတူပီ ၁၃ ဖေဖော်ဝါရီ
မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရှေ့၌ ကျင်းပရာ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ ဉီးအုပ်နောလ်၊ မတူပီခရိုင်အဆင့် ဌာနဆိုင်ရာများ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဉီးစွာ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆိုင်းဘုတ်ကို ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဉီးအုပ်နောလ် နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဉီးအယ်လ်ပဲန်လောမ် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် Rev.Dr ဗစ်တာလိုင်းလျန် က ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပြီး တက်ရောက်လာကြသူများ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးအယ်လ်စန်တွဲက ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)
