မတူပီ ၁၉ ဇူလိုင် 


မတူပီမြို့ ဘုံတလာပန်းခြံ၌ (၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား သတိရအောက်မေ့ခြင်း အမှတ်တရလွမ်းသူပန်းခွေချ အလေးပြုခဲ့ကြသည်။ 


ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား နှစ်မိနစ်ကြာ ငြိမ်သက်စွာ အလေးပြုခဲ့ကြသည်။ (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသူကျောင်းသားများနှင့် မြို့ပေါ်(၄)ရပ်ကွက်နေ ပြည်သူများ ၄၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆလိုင်းအောင်(ပြန်/ဆက်)