မတူပီ   ၉    ဇွန်

           

မတူပီမြို့တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး၍ ချင်းပြည်နယ် ၊ ပြည်နယ်အဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် Quarantine Centre တွင် ကူညီဆောင်ရွက်နေကြသည့်  စေတနာ့ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို မတူပီမြို့ ပြည်သူ့ဆေးရုံခန်းမတွင်  ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ   ဒေါ်တိုးတိုးသန်းက စေတနာ့ဝန်ထမ်းများအတွက်   စွမ်ဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး   မြို့နယ်ဆရာဝန် ဒေါက်တာ သစ်လွင်သိမ်းနှင့် မြို့နယ်ကျန်းမာရေးမှူး (၁) ဒေါ်စိုးစိုးအောင်က သင်တန်းပို့ချ ဆွေးနွေးခဲ့သည်။

 

အဆိုပါ    သင်တန်းကို မတူပီမြို့ရှိ  လူမှုအဖွဲ့အစည်းများ ဖြစ်သော          မရာလူငယ်အသင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အဖွဲ့နှင့် MCDOအဖွဲ့ တို့မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၀) တက်ရောက်ခဲ့ပြီး ကျန်းမာရေး  နှင့် အားကစား ဝန်ကြီးဌာန  ၊  ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ   ပြုစုထုတ်ဝေသည့် “ ကိုဗစ်−၁၉ ကို မိမိကစ၍ ကာကွယ်ပါ  နှင့်  “ နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ လက်ကမ်းစာစောင်အား ဝေငှပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)