မတူပီ  ၃  နိုဝင်ဘာ 

 

မတူပီမြို့ ၌ ကျင်းပသော မတူပီမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် အတွင်းရှိ မဲရုံပေါင်း(၇၀)အား ယနေ့ နံနက် ၆ နာရီအချိန်က တစ်ပြိုင်တည်း ဖွင့်လှစ်ကြောင်းသိရသည်။
 

မတူပီမြို့ပေါ်(၄)ရပ်ကွက်အတွင်း မဲရုံ(၈)ရုံနှင့် ကျေးရွာ/အုပ်စုများတွင် မဲရုံ(၆၂)ရုံ ထားရှိပြီး မဲရုံများတွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပွားမှု မရှိစေရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအုပ်နော၊အတွင်းရေးမှူး ဦးလင်းကျော်နှင့် အဖွဲ့ဝင် ဦးခမ်လျန်ဆုမ်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြီးကြပ်၍ လုံခြုံရေးတင်းကြပ်စွာဖြင့် ၂၀၁၈ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပလျှက်ရှိသည်။ မတူပီမြို့၌ ကျင်းပသော ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်(၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင် ကျား(၈၃၁၅)ဦးနှင့် မ(၉၀၄၇) ဦးရှိကြောင်း သိရသည်။

 

မတူပီမြို့နယ်(ပြန်ဆက်)