မုဒုံ ဇူလိုင် ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီက ကမာအုပ်ကျေးရွာရှိ တောင်သူ (၆၉) ဦးအား အဆိုပါဘဏ်ခွဲတွင် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ဇွန်လ ပထမပတ်ကစတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် တောင်သူ ၆၉ ဦး၊ လယ်ဧက ၄၄၈ ဧက အတွက် ထုတ်ချေးငွေကျပ် ၆၇၂ သိန်းရှိပြီး ဇူလိုင်လ ၂ ရက်နအထိကျေးရွာပေါင်း ၁၂ ရွာ တောင်သူဦးရေပေါင်း ၄၇၄ ဦး၊ စိုက်ဧက ပေါင်း ၃၁၉၇ ဧက၊ စုစုပေါင်း ထုတ်ချေးငွေကျပ် ၄၇၉၅၅၀၀၀၀ ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)
