မုဒုံ   စက်တင်ဘာ   ၂၃

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက (၇၇၃၅၄)ဧက အထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧကကို(၇၆၇၇၅)ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအခါ မိုးစပါးစိုက်ဧက (၇၇၃၅၄)ဧက စိုက်ပျိုးပြီးစီးနိုင်ခဲ့သဖြင့် လျာ ထားချက် စိုက်ဧကထက် (၅၇၉)ဧက ပိုမိုစိုက်ပျိုးပြီးစီးခဲ့ရာ  နိုဝင်ဘာလနှင့်ဒီဇင်ဘာ လများတွင် ရိတ်သိမ်းနိုင်မည်ဟု ခန့်မှန်းသိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)