မုဒုံ     မေ    ၁၁

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက တာပသွန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးနေမှုများကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးပြည်သိမ်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ်ဉီးစီးမှူး ဉီးဆန်းဉီးနှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား အသက် (၁၀)နှစ်ပြည့် နိုင် - ၃ (က) နှင့် အသက် (၁၈)နှစ်ပြည့် နိုင် - ၆ (က)  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)