မုဒုံ  မတ်   ၃၀

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား ရာထူးတာဝန် ပေးအပ်မှုများအပြင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် မတ် ၃၀ ရက် နံနက်ပိုင်းက စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်သည်။

 

အဆိုပါ မွမ်းမံသင်တန်းတွင် မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းနှင့် သင်တန်းနည်းပြ ခြောက်ဦးတို့က မြို့နယ်ရှိ အခြေခံပညာ ထက်/လယ်/မူ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၁၀၇ ဦးအား စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းဘာသာရပ်နှင့် ကွန်ပျူတာ/ ICT ဘာသာရပ်တို့ကို တစ်ရက်ကြာ လစဉ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)