မုဒုံ နိုဝင်ဘာ ၂၃

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် နိုဝင်ဘာ ၂၂ ရက်နေ့က လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

 

“လူသုံးကုန်ပစ္စည်းများကို  ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သော ပစ္စည်းများ ထုတ်ယူသုံးစွဲနိုင်ပြီး သွင်းကုန်အစားထိုးပစ္စည်းများအဖြစ် တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ကာ မိသားစုဝင်ငွေများ တိုးပွားစေရန်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ အားပေးမြှင့်တင်ပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်”ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

 

အဆိုပါ  သင်တန်းသို့ ဒေသခံ သင်တန်းသား ၂၀ တက်ရောက်ပြီး သင်တန်းနည်းပြ နှစ်ဦးတို့က  (၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)