မုဒုံ   ဖေဖော်ဝါရီ   ၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ ယနေ့တွင် ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာစည်ကားလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရေန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန် လှုံ့ဆော်ကြေညာခဲ့သော်လည်း ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှုများအား လိုက်နာလုပ်ဆောင်ခြင်းမရှိဘဲ ယခုကဲ့သို့ ပုံမှန်အတိုင်း သွားလာ နေကြရှိခြင်း ဖြစ်သည်။

မုဒုံမြို့နယ်ရှိ ရွှေဟင်္သာစျး၊ ကမာဝတ်မြို့မစျေး၊ စည်ပင်သာယာအဖွဲ့ပိုင် စျေးများနှင့်  အခြားဈေးများတွင် ဈေးရောင်၊ ဈေးဝယ်သူများ ပုံမှန်အတိုင်း စည်ကားလျက်ရှိပြီး လမ်းမကြီးများနှင့် ရပ်ကွက်လမ်းများတွင်လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှား စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)