မုဒုံ နိုဝင်ဘာ ၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြောင့် ခေတ္တပိတ်ထား ခဲ့ရသည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတစ် ဝန်း လုံးတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျပြန်လည်ပြင်ဆင်ဖွင့်လှစ်၍ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်း -ခွဲ(၅) ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၆)ကျောင်း၊ မူလတန်းကျောင်း (၆၄)ကျောင်း၊ ဘုန်းတော် ကြီး သင်ပညာရေးကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်စာသင်ကျောင်း (၃)ကျောင်း စုစု ပေါင်း (၁၀၈)ကျောင်းရှိပြီး ယနေ့တွင် အထက်တန်းဆင့် (၈၅၅)၊ အလယ်တန်းဆင့် (၂၇၇၁)ဦး နှင့် မူလတန်းဆင့် (၂၆၈၁)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၆၃၀၇)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


