မုဒုံ စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံအိမ်ထောင်စုများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စက်တင်ဘာ ၇ ရက်က မုဒုံမြို့နယ် မြို့မ (၄) ရပ်ကွက်အတွင်းရှိ အခြေခံ အိမ်ထောင်စုဝင်များထံ ဆန်အိတ်များကို ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီထံသို့ အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်း - ဒေါ်တင်လှ (ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်း မိသားစု) မှ လှူဒါန်းသည့် ဆန်များကို မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အမှုဆောင်များနှင့် တပ်ဖွဲ့ဝင် (၂၇) ဦးတို့က အခြေခံအိမ်ထောင်စု ၁၀၀ အား တစ်အိမ်လျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၁၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


