မုဒုံ စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံအိမ်ထောင်စုများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စက်တင်ဘာ ၁၅ ရက်နေ့က မုဒုံမြို့နယ် မြို့မ(၄) ရပ်ကွက်ရှိ အခြေခံအိမ်ထောင်စုဝင်များနှင့် မုဒုံမြို့နယ် ဓမ္မဒူတရိပ်သာ စာသင်တိုက်အတွက် ဆန်အိတ်များကို မေတ္တာစံအိမ် (Day Care Family) အသင်းမှ သွားရောက် လှူဒါန်းထောက်ပံ့ပေးခဲ့သည်။
ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် မုဒုံမြို့နေ သုဓမ္မသိင်္ဂီ လူမှုရေးထူးချွန်ဂုဏ်ထူးဆောင်ဆုရအလှူရှင် မမော်မိသားစုမှ မေတ္တာစံအိမ် (Day Care Family)အသင်းထံ လှူဒါန်းထားသည့် ဆန်များကို သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ဓမ္မဒူတရိပ်သာ စာသင်တိုက်အတွက် ဆွမ်းဆန်တော် ခြောက်ပြည်အိတ် ၅၀၊ မြို့မ(၄)နှင့် မြို့မ(၂) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၄ စုအား အိမ်ထောင်စု တစ်စုလျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် ၁၀၄ အိတ်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


