မုဒုံ  ဩဂုတ် 

မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဩဂုတ် ရက်နေ့ည နာရီခန့်က အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများအား အသိပေးလှုံ့ဆော်ခဲ့ကြောင်း သိရသည်။

 ထိုသို့ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်    ယခုအခါ မုဒုံမြို့နယ်၌  ကိုဗစ်-၁၉ ရာဂါပိုးတွေ့သူ နေ့စဉ်များပြားလာပြီး သေဆုံးမှုများရှိနေသည့်အတွက် မြို့နယ်အတွင်းရှိ  မိဘပြည် သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များနှင့် အညီ နေအိမ်ပြင်ပ ထွက်ခွာပါက  ပါးစပ်နှင့် နှာခေါင်းစည်း  (Mask)နှင့်     မျက်နှာအကာ (Face Shield)ကို စနစ်တကျ တပ်ဆင်ကြရန်၊   အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊    အပြင်ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့်  နှာခေါင်းစည်း(Mask)များကို  စနစ် တကျစွန့်ပစ်ရန်၊   အပြင်မှပြန်လာတိုင်း အဝတ်အစားမလဲမီနှင့် ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်မီ    အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ လေဝင်လေထွက်မကောင်းသောအခန်းများကို ရှောင်ရန်၊  မိမိတို့နေအိမ်များကို  ပြတင်းတံခါးများဖွင့်ပြီး   လေဝင်လေထွက်ရှိအောင် ဆောင်ရွက်ရန်၊  တစ်ဦး နှင့်တစ်ဦး တတ်နိုင်သမျှအနည်းဆုံး ပေ    ခြား၍ ခပ်ခွာခွာနေထိုင်ကြရန်၊ ရောဂါကူးစက်ခံရသည် ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့  ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက   ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ( ပြန်/ဆက်)