မုဒုံ    ၂  မတ်

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက မုဒုံမြို့ မြို့မ(၁)ရပ်ကွက်ရှိ အနတ္တမေတ္တာ (အခမဲ့)ဆေးခန်း၌ ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးကျော်ပိုင်ဦး၊ မြို့နယ်ကြက်ခြေနီ အသင်း(တပ်ဖွဲ့မှူး) ဒေါက်တာကျော်စိုးမိုးနှင့် အဖွဲ့တို့က ပညာပေးဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့သည်။

 

အဆိုပါ ဟောပြောပွဲကို မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူ (၁၀ဝ)ဦးခန့် စိတ်ပါဝင်စားစွာ တတ်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

 

အောင်မျိုးသူ(ပြန်/ဆက်)