မုဒုံ     မတ်     ၉

 

မွန်ပြည်နယ် မုဒုံမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကို မတ် ၈ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

 

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်() လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)မှ ရဲအုပ် အောင်ကျော်ထူးက လူကုန်ကူးမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ဆိုင်ရာဖြစ်စဉ်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ် ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့်  အသက်အရွယ် အမျိုးအစားများနှင့် လူကုန်ကူးမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)